ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် Naypyitaw State Academy ရှိ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှု ကြည့်ရှုအားပေး

 

နေပြည်တော် ဇွန် ၅

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy ပါမောက္ခချုပ် ဒေါက်တာနုနုလွင်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် Naypyitaw State Academy သို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။

 

ထို့နောက် Centre for Research & Innovation (CRI) ဖွင့်လှစ်ရန် လျာထားမှု၊ အဆိုပါ CRI တွင် ကျောက်မျက်ရတနာများ၊ မြေဆီလွှာ၊ သတ္တု သို့မဟုတ် ဓာတုပစ္စည်းများ၏ ပုံဆောင်ခဲစနစ် ပါဝင်သည့် ဒြပ်စင်၊ ဒြပ်ပေါင်းများ၏ ဖွဲ့စည်းပုံများကို ခွဲခြားစိတ်ဖြာစစ်ဆေးရာတွင် အသုံးပြုသည့် ဓာတ်ခွဲခန်းသုံးစက်ပစ္စည်းများ၊ အဆင့်မြင့်အဏုကြည့် မှန်ပြောင်းစက်ပစ္စည်း များကို အကျိုးရှိပြီး ထိရောက်စွာ အသုံးပြုနိုင်ရေး ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများ လက်တွေ့ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။

 

ယင်းနောက် အပန်းဖြေရိပ်သာ (Recreation Centre) တည်ဆောက်ပြီးစီးမှုအခြေအနေများနှင့် အိပ်ဆောင်များ တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်