တိုကျို ဇွန် ၆

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ဖူကူရှီးမားမြို့ရှိ လူနေရပ်ကွက်တစ်ခုတွင် ဝက်ဝံတိုက်ခိုက်မှုကြောင့် လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဒေသခံပြည်သူများက ယမန်နေ့တွင် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့သည်။

ဖူကူရှီးမားမြို့ ဆာဆာကီနို ခရိုင်ရှိ လူနေရပ်ကွက်တွင် ဝက်ဝံရိုင်းတစ်ကောင်က ဒေသခံ ပြည်သူများကို တိုက်ခိုက်ခဲ့ ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ဒဏ်ရာရသူလေးဦး သတိလစ်သွားခဲ့ပြီး ဆေးရုံတင်ထားရကြောင်း ဒေသခံ မီးသတ်ဌာနက ပြောကြားခဲ့သည်။

လွန်ခဲ့သည့် သီတင်းပတ်ကတည်းက အဆိုပါ အနီးပတ်ဝန်းကျင်နေရာ၌ ဝက်ဝံများကို မြင်တွေ့ခဲ့ရကြောင်း ရဲအရာရှိများက ပြောကြားခဲ့သည်။

ဝက်ဝံကို မဖမ်းမိသေးသည့်အတွက် တိုက်ခိုက်မှုဖြစ်ပွားသည့် နေရာများကို ရှောင်ရှားကြရန် ဒေသခံများအား ရဲအရာရှိများက တိုက်တွန်းပြောကြားခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်