ဆော်ဒီအာရေဗျအသင်းသည် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တွင် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ချစ်ကြည်ရေးခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် ပွာတိုရီကိုအသင်းနှင့် ပွဲစဉ်တွင် ရာသီဥတုဆိုးရွားမှုကြောင့် နှစ်နာရီခန့် ရပ်နားခဲ့ရကြောင်း သိရသည်။
အဆိုပါ ပွဲစဉ်ကို တက္ကဆက်ပြည်နယ် အော်စတင်မြို့ရှိ Q2 အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ မိုးသက်မုန်တိုင်းကျပြီး လျှပ်စီးလျှပ်မှုများကြောင့် ပွဲချိန် ၂၁ မိနစ်တွင် ရပ်နားခဲ့ရပြီး အသင်းကစားသမားများ ကွင်းထဲမှ ထွက်ခွာခဲ့ကြရသည်။ ယင်းပွဲစဉ်တွင် ဆော်ဒီအာရေဗျအသင်းက ပွာတိုရီကို အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် နိုင်ပွဲရရှိခဲ့သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် Q2 အားကစားကွင်းကို အသုံးပြုသွားမည်မဟုတ်ကြောင်း သိရသည်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမည့် ဇွန် ၁၁ ရက်မှ စတင်ကာ ကနေဒါ၊ မက္ကဆီကိုနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
မိုးဇက်


