ပခုက္ကူ ဇွန် ၇

 

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အမှတ်(၁၄)ရပ်ကွက် စနစ်သစ်ပုထိုးတိုက်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ဆရာတော်သံဃာတော်နှင့် သီလရှင်များအား ယနေ့နံနက်ပိုင်းက ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်အောင် ဦးဆောင်သော ဝန်ထမ်းများက ဆရာတော်သံဃာတော်နှင့် သီလရှင် ၃၅ ပါးအား တိုင်းရင်းဆေးကုထုံးနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်ကုသပေးခြင်း၊ တိုင်းရင်းဆေးပညာဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။              

ဘာမီသာ(ပခုက္ကူ)