နေပြည်တော် ဇွန် ၇

 

ပြည်ထဲရေးဝန်ကြီးဌာန သစ်တောလုံခြုံရေးရဲတပ်ဖွဲ့မှ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးခြင်းကို ဇွန် ၆ ရက်က နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံသာရပ်ကွက် V-4 လမ်းဆုံအနီးရှိ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့မှူး ရုံးပိုင် မြေ ၁၀ ဧကတွင် ကျင်းပရာ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့မှ ခေတ္တတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းထွန်းဦးဆောင်၍ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့မှူးရုံးနှင့် အမှတ်(၂) သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ခွဲရှိ တပ်ဖွဲ့ဝင်များမှ မိုးရာသီအကြို ရတနာတန်းဝင်ကျွန်းပင် ၃၀၀ ကျော်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။                

အောင်ကို (ပုဗ္ဗသီရိ)