ချမ်းမြသာစည် ဇွန် ၇
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝဏ္ဏအောင် ကြီးကြပ်မှုဖြင့် ပြည်သူ့လုံခြုံရေးအတွက် မြို့တွင်းမော်တော်ယာဉ်များ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက အောင်ပင်လယ်နယ်မြေ ရဲစခန်းအပိုင်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးဦးဆောင်၍ နယ်မြေခံစခန်းမှူးနှင့် နယ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၈၉) ယာဉ်ထိန်းတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့တွင်း မော်တော်ယာဉ်များ စစ်ဆေးရာတွင် ယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံခြင်းများဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ပြီး ပြည်သူများက ပူးပေါင်းပါဝင်ပေးခဲ့ကြောင်း သိရသည်။
အလင်းသစ်(ပြန်/ဆက်)


