ရန်ကုန် ဇွန် ၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ဇွန် ၅ ရက်တွင် မိနစ်ပိုင်းသာခြား၍ ကားနှစ်စီး ရေထဲမျောပါမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
နတ်မောက်မြို့နယ် တံခွန်တိုင်ကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာ ချောင်းအတွင်းဖြတ်ကူးစဉ် ဇွန် ၅ ရက် ည ၈ နာရီ ၁၄ မိနစ်ခန့်တွင် ရေစီးနှင့်အတူ ယာဉ်တစ်စီးမျောပါပြီး အမျိုးသားတစ်ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိသဖြင့် ဇွန် ၆ ရက် နံနက်ပိုင်းတွင် နတ်မောက်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာသူကျေးရွာသားများက ချောင်းအတွင်းရှိ ယာဉ်အားဆယ်ယူခဲ့ပြီး ပျောက်ဆုံးနေသူအား ဆက်လက်ရှာဖွေခဲ့ကြသည်။
အလားတူ ဇွန် ၅ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်ကလည်း နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာ ဇမ္ဗူထွန်းဆီဆိုင်အနီးရှိ ချောင်းရိုးထဲတွင် ကားတစ်စီးမျောနေသဖြင့် နတ်မောက်မြို့နယ် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဆယ်ယူပေးခဲ့ကြကာ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။
MT


