မော်လမြိုင် ဇွန် ၁၀
ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ ဆွေးနွေးပွဲကို မွန်ပြည်နယ် ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ မွန်ပြည်နယ်ဥပဒေချုပ် ဒေါ်မိသန္တာမြင့်၊ မွန်ပြည်နယ်ဥပဒေအရာရှိနှင့် မွန်ပြည်နယ်အတွင်းရှိ ဥပဒေအရာရှိများ တက်ရောက်ကြသည်။
ဦးစွာ မွန်ပြည်နယ်ဥပဒေချုပ်က ဥပဒေအရာရှိများအနေဖြင့် ဥပဒေအရာရှိကျင့်ဝတ်များကို သိရှိ နားလည်ပြီး လိုက်နာဆောင်ရွက်ခြင်းဖြင့် တရား ဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကကျသော ပြည်သူများ၏ ယုံကြည်ချက်ကို မလွဲမသွေ ရရှိမည်ဖြစ်ကြောင်း ပြောကြားပြီး မွန် ပြည်နယ်ဥပဒေအရာရှိနှင့် မွန်ပြည်နယ်အတွင်းရှိ ဥပဒေအရာရှိများက ဥပဒေအရာရှိ ကျင့်ဝတ်ပါအချက်များနှင့်စပ်လျဉ်း၍ အချက်တစ်ချက်ချင်းအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


