ရန်ကုန် ဇွန် ၁၁
ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ လက်မှတ်ရ ပိုးသတ်ဆေးသုံးစွဲသူများ သင်တန်းအမှတ်စဉ်(၁/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ စိုက်ပျိုးရေးဦးစီးဌာန (၉)မိုင်ဝင်း မရမ်းကုန်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးတင့်နိုင်က အမှာစကားပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်) သီးနှံကာကွယ်ရေးဌာနခွဲမှ သင်တန်းမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်လေးဇံက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြများက ဘာသာရပ်အလိုက် ရှင်းလင်းဆွေးနွေးကြသည်။
အဆိုပါ သင်တန်းကို ဇွန် ၁၁ ရက်မှ ၁၃ ရက်အထိ သုံးရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး ပိုးသတ်ဆေး ရောင်းချသည့် လုပ်ငန်းရှင်များ၊ ပိုးသတ်မှိုင်းတိုက် လုပ်ငန်းဆောင်ရွက်သူများ စုစုပေါင်း သင်တန်းသား ၂၂၈ ဦး တက်ရောက်ကြောင်း သိရသည်။
မောင်အေးချမ်း


