၂၆ မတ်
ဗင်နီဇွဲလားနိုင်ငံမှာ ပထမအကြိမ် လျှပ်စစ်မီးပျက်အပြီး သီတင်းနှစ်ပတ်အကြာ၊ နောက်တစ်ကြိမ်ပျက်ရာ မြို့တော် ကာရာကတ်အပါအဝင် အနည်းဆုံး ပြည်နယ် ၁၇ ခုမှာ သက်ရောက်ကြောင်း သိရပါတယ်။ ဗင်နီဇွဲလားနိုင်ငံက ပြည်နယ် ၂၃ ခုနှစ်နဲ့ ဖွဲ့စည်းထားပါတယ်။

မတ်လဆန်းက လျှပ်စစ်မီးပျက်ရာ သီတင်းတစ်ပတ်ကြာခဲ့တဲ့အတွက် ဗင်နီဇွဲလားလူထုက ဒီတစ်ကြိမ်မီးပျက်တာကရော ဘယ်လောက်ကြာမှာလဲ။ သောက်သုံးရေကရော။ ရေခဲသေတ္တာထဲက အသားတွေ ငါးတွေရောဆိုပြီး ဆိုရှယ်မီဒီယာ တွစ်တာပေါ်မှာ သူတို့ရဲ့ စိတ်ရှုပ်ထွေးနေတာကို ရေးသားနေကြပါတယ်။

ဗင်နီဇွဲလား သမ္မတ နီကိုလပ် မာဒူရို က နိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းလောက် လျှပ်စစ်မီးပေးနေတဲ့ ရေအားလျှပ်စစ် စက်ရုံဂူရီကို တိုက်ခိုက်မှုပြုလုပ်တဲ့ သူတွေကို ပြစ်တင်ထားပါတယ်။ ဆက်သွယ်ရေးဝန်ကြီးကလည်း အတိုက်အခံတွေကြောင့် လျှပ်စစ်မီးပျက်တာဖြစ်တယ်လို့ ပြောပါတယ်။
တချိန်တည်းမှာ အတိုက်အခံခေါင်းဆောင်၊ အမေရိကန်နိုင်ငံအပါဝင် နိုင်ငံပေါင်း ၅၀ ကျော်က စင်ပြိုင်သမ္မတအဖြစ် သတ်မှတ်ထားတဲ့ ဝမ်ဂွိုက်ဒို က မာဒူရိုအစိုးရဟာ လျှပ်စစ်မီးပျက်တာကို အသုံးပြုပြီး သတင်းအမှောင်ချပြီး လူတွေကို စိုးရိမ်စိတ်တွေ အောင်လုပ်တာသာဖြစ်တယ်။ လျှပ်စစ်မီးမရှိတဲ့အတွက် ဗင်နီဇွဲလားရဲ့ အင်တာနက် ၅၇ ရာခိုင်နှုန်းလောက် လိုင်းကျသွားကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့အကြိမ် လျှပ်စစ်မီးပျက်တဲ့အတွက် လူနာတစ်ဒါဇင်ကျော်သေဆုံးခဲ့ခြင်း၊ လူထုသယ်ယူပို့ဆောင်ရေးတွေ ရပ်တန့်သွားခြင်း၊ လောင်စာဆီထုတ်လုပ်ရေးမှာ နှေးကွေးသွားခြင်းနှင့် သောက်သုံးရေးထောက်ပံ့ရေးမှာ အခက်အခဲတွေဖြစ်သွားခဲ့ကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP