အုတ်ဖို ဇွန် ၁၁
ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ် မတောင့်တကျေးရွာ အထက(ခွဲ)တွင် ဇွန် ၁၀ ရက်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID အချက်အလက် ကောက်ယူခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးနေမှုများကို လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)


