လားရှိုး ဇွန် ၁၁

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ နေ့ချင်းပြီး ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ မြစန္ဒာခန်းမ၌ ဆောင်ရွက်သည်။

 

ထိုသို့ဆောင်ရွက်ပေးနေမှုများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရှမ်းပြည်နယ်မြောက်ပိုင်း ဒုတိယပြည်နယ်ဦးစီးမှူး ဦးထွန်းအောင်ကျော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့် လားရှိုးမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်သက်နိုင်တို့က ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များရရှိစေရေး ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ထို့နောက် ဒုတိယပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ အသက် ၁၀ နှစ်ပြည့်ပြီးသည့် ကျောင်းသား ၃၀၊ ကျောင်းသူ ၄၂ ဦးတို့အား လက်ဝယ်သို့ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)