နေပြည်တော်ကောင်စီဥက္ကဋ္ဌ ရေပြင်ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ တက်ရောက်
နေပြည်တော် ဇွန် ၁၃
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဇေယျာသီရိမြို့နယ် နရဘန်ချောင်းအား သက်နှင်းအင်းကျေးရွာမှ ပေါင်းလောင်းတမံ သွားသည့်လမ်းအထိ ချောင်းချဲ့ထွင် တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာအုပ်စု ပေါင်းလောင်းမြစ်အနီး၌ ကျင်းပသည့် ရေပြင် ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားပြီး ရေပြင်ရှာဖွေ ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်နေမှုနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများ ခင်းကျင်းထားမှုကို ကြည့်ရှုစစ်ဆေးကာ ဇေယျာသီရိမြို့နယ် သာယာဝှမ်းကျေးရွာရှိ ကျည်တောင် ဝက်မွေးမြူရေးခြံ၌ ဝက်မွေးမြူ ထားရှိမှုကို သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)


