ပဲခူးမြို့၌ ၂၀၂၆ ခုနှစ် ပထမအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
ပဲခူး ဇွန် ၁၃
၂၀၂၆ ခုနှစ် ပထမအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ဟံသာဝတီ ဗုဒ္ဓဂါယာ (ရွှေဂူကြီး)ဘုရားဝင်းအတွင်း၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တိုင်းဒေသကြီးလွှ တ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားပြီး အဖွဲ့ဝင်များနှင့်အတူ အထိမ်းအမှတ်သစ်ပင်များကို စိုက်ပျိုးပေးကာ တက်ရောက် လာသူများက သတ်မှတ်နေရာများ၌ ပိတောက်၊ ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ ငုရွှေဝါ၊ မည်စည်၊ ပျဉ်းမနှင့် မဟော်ဂနီ ပျိုးပင်စုစုပေါင်း ၁၅၀၀ အား အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် တပျော်တပါး စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


