နေပြည်တော် ၂၆ မတ်

           

 

တောင်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၄ ရက် ည ၉ နာရီခွဲက တောင်ကြီးမြို့နယ်၊ တောင်ကြီး - မိုင်းပျဉ်းသွားကားလမ်း၊ နောင်ပင်လယ်တံတားတွင် ရှိန်းဦးထက် မောင်းနှင်ပြီး ဝင်းကို လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၀၀ ကိုလည်းကောင်း၊ အလားတူ ည ၁၁ နာရီတွင် ဟိုပုံးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပုံးမြို့နယ်၊ ဟိုပုံး- လွိုင်လင်သွားကားလမ်းတွင် ခွန်ထွန်းအောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၄၉၈၅ ပြားနှင့် လက်ပစ်ဗုံးတစ်လုံးတို့ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သည်

           

 

မတ် ၂၃ ရက် မွန်းလွဲပိုင်းက UWSA "ဝ" အဖွဲ့ဝင်များသည် မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့၊ မြန်မာ- ထိုင်း နှစ်နိုင်ငံနယ်နိမိတ် မှတ်တိုင်အမှတ်(BP-1) အနီးတွင် လောဂျာ၏ ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀၊ အိုက်စ် ၂ ကီလိုနှင့်  တစ်လုံးထိုးပြောင်းရှည် ခါးချိုးသေနတ် တစ်လက်တို့ကို သိမ်းဆည်းရမိခဲ့၍ ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်

 

 

MDN