၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဇွန် ၁၄ ရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အုပ်စု အဆင့်ပွဲစဉ်တွေမှာ နာမည်ကြီးဘရာဇီးအသင်းဟာ သရေတစ်မှတ်သာရရှိခဲ့ပြီး စကော့တလန်အသင်းနဲ့ ဩစတြေးလျအသင်းတို့ကတော့ နိုင်ပွဲကိုယ်စီရရှိခဲ့ပါတယ်။
ဘရာဇီးအသင်းဟာ အုပ်စု(C) အဖွင့်ပွဲစဉ်အဖြစ် မော်ရိုကိုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပြီး တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ ဘရာဇီးအသင်းအတွက် သွင်းဂိုးတစ်ဂိုးကို ပထမပိုင်းပွဲကစားချိန် ၃၂ မိနစ်မှာ ဗီနီစီးယပ်ဂျူနီယာက သွင်းယူပေးခဲ့ပြီး မော်ရိုကိုအသင်းအတွက် သွင်းဂိုးတစ်ဂိုးကိုတော့ ပထမပိုင်းပွဲကစားချိန် ၂၁ မိနစ်မှာ ဆိုင်ဘာရီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ စကော့တလန်အသင်းကတော့ အုပ်စုအဆင့်အဖွင့်ပွဲစဉ်မှာ ဟေတီအသင်းကို ပထမပိုင်းပွဲကစား ချိန် ၂၈ မိနစ်မှာ ရရှိခဲ့တဲ့ မက်ဂင်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဇွန် ၁၄ ရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အုပ်စု(D)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဩစတြေးလျအသင်းနဲ့ တူကီယဲအသင်းတို့ ပွဲစဉ်မှာတော့ ဩစတြေးလျအသင်းက တူကီယဲအသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ ဩစတြေးလျအသင်းအတွက် ဦးဆောင်ဂိုး စတင်သွင်းယူပေးခဲ့တဲ့ အီရန် ကွန်ဒါဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ဩစတြေးလျနိုင်ငံရဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ အခြားသော ကမ္ဘာ့ဖလားအုပ်စုအဆင့် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ကာတာအသင်းနဲ့ ဆွစ်ဇာလန်အသင်းတို့ပွဲစဉ်မှာတော့ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
ငွေကြယ်


