သနပ်ပင် ဇွန် ၁၄
ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပေါ်ရပ်ကွက်များ၌ မိုးရာသီကာလတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ရေနုတ်မြောင်းများ ဆက်လက်ဖော်ထုတ်ရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းကစတင်၍ ဆောင်ရွက်လျက်ရှိရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်သူရနှင့်ဝန်ထမ်းများက အဖွဲ့ပိုင်ယာဉ်ယန္တရားများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ရေမြောင်းများအား ဖော်ထုတ်ရှင်းလင်းခြင်း၊ လူနေထူထပ်သည့်လမ်းများရှိ ယာဉ်ယန္တရားမဝင်နိုင်သည့်နေရာများအား လူအားဖြင့် ဖော်ထုတ်ရှင်းလင်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


