ရန်ကုန် ဇွန် ၁၅ 

 

ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်ကျင်းပသည့် မြန်မာအမျိုးသမီးများနေ့အကြို စာပေဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်နှင်းနှင်းအေးက စာပေဟောပြောပွဲနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။

 

ဆက်လက်၍ စာပေဟောပြောပွဲကိုကျင်းပရာ စာရေးဆရာမမြမဉ္ဇူနှင့် မမိုးမြေတို့က စာပေနှင့်အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြောင်းအရာများကို ဟောပြောကြသည်။

 

ထို့နောက် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် တာဝန်ရှိသူများက ဟောပြောကြသည့် စာရေးဆရာမများနှင့် ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

ကြေးမုံ