ဝမ်းတွင်း ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၌ လူမှုစီးပွားဘဝမြှင့်တင်ရေး (သက်တန့် ရောင်)စီမံကိန်းဖြင့် ဝါသီးနှံစိုက်သမဝါယမ အသင်းသားတောင်သူများအား မျိုးနှင့် သွင်းအားစု ပေးအပ်ပွဲကို ဇွန် ၁၅ ရက် နံနက်ပိုင်းက မြို့နယ်သမဝါယမအသင်းစုခန်းမတွင် ကျင်းပသည်။
ပေးအပ်ပွဲတွင် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်မိုးက အမှာစကားပြောကြားပြီး ဝမ်းတွင်းမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးက လုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်း၊ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်မိုးနှင့် တာဝန်ရှိသူများက လူမှုစီးပွားဘဝမြှင့်တင်ရေး (သက်တန့်ရောင်) စီမံကိန်းဖြင့် ဝါသီးနှံစိုက်သမဝါယမ အသင်းသားတောင်သူများအား မျိုးနှင့် သွင်းအားစုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


