နေပြည်တော် ဇွန် ၁၆
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပညာရေးနှင့် အလှမ်းဝေးကွာခဲ့ရသည့် ကျောင်းပြင်ပရောက် ကလေးများ (မူလတန်းဆင့်နှင့် အလယ်တန်းဆင့်)ကျောင်းသို့ ပြန်လည်ရောက်ရှိစေရေး အရည်အချင်းစစ်ဆေး ခြင်း Placement Test အထူး အစီအစဉ်အဖြစ် အခြေခံပညာကျောင်း စာစစ်ဌာနများ၌ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော် ကောင်စီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ အင်္ဂလိပ်စာ ဖြေဆိုနေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းဖွံ့ဖြိုးတိုးတက်စေရေး အတွက် အလှူငွေနှင့် ကျောင်း သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။
အဆိုပါ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာ Placement Test အထူးအစီအစဉ်ဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း၌ စာစစ်ဌာနရှစ်ခု ဖွင့်လှစ်ပြီး ဖြေဆိုလျက်ရှိရာ ယနေ့တွင် အင်္ဂလိပ်စာဘာသာ ဖြေဆိုသူ ကျား ၄၇၁ ဦး၊ မ ၄၈၃ ဦး စုစုပေါင်းဖြေဆိုသူ ၉၅၄ ဦး လာရောက်ဖြေဆိုကြသည်။
ကြည့်ရှုစစ်ဆေး
မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့နယ် သီရိမင်္ဂလာခန်းမ၌ လယ်ဝေးခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လှုမှုရေး အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဖောင်တော်ချက်မ ဘုရားအား မူလပုံစံမပျက် ပြန်လည်တည်ထား ကိုးကွယ်နိုင်ရေးအတွက် ဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ အလှူငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သျှင်ဦးမောင်(ဒက္ခိဏ)


