မကွေး ဇွန် ၁၆

 

ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ် ရေးစွမ်းရည်သရုပ်ပြပွဲကို မကွေးမြို့ ညဈေးတန်း၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ကြည့်ရှု အားပေးသည်။

 

စွမ်းရည်သရုပ်ပြပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ရေပြင်တွင်ဖြစ်ပေါ်လျက်ရှိသော ဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ရှာဖွေကယ်ဆယ်မှု၊ မီးငြှိမ်းသတ်ခြင်းသရုပ်ပြမှုတို့ကို ကြည့်ရှုအားပေးကာ စွမ်းရည်သရုပ်ပြသမှုတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည့်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မောင်ခိုင်မင်း(ပြန်/ဆက်)