ဧရာဝတီ ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၂)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇွန်ပထမပတ်က ကျင်းပရာ ရေကြည်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်လင်း၊ ဌာနဆိုင်ရာ တာဝန်ရှိများ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင် ပြည်သူများတက်ရောက်ကြသည်။
ဦးစွာ ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်လင်းက အမှာစကားပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် အသင်း ၁၀ သင်းက ပတ်လည်စနစ်ဖြင့် ဇူလိုင် ၁၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အာကာ


