ပွင့်ဖြူ ဇွန် ၁၇

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အတွက် သမဝါယမအသင်းသားများအား မျိုးနှင့်သွင်းအားစုပေးအပ်ပွဲကို ဇွန် ၁၅ ရက်က မုန်တောကြီးကျေးရွာ သီဟဇွဲမာန်စိုက်/ထွေ သမဝါယမ အသင်းဥက္ကဋ္ဌနေအိမ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက စီမံကိန်းနှင့်ပတ်သက်သည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဇင်ဦးက မျိုးနှင့်သွင်းအားစုများ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တာဝန်ရှိသူများက အသင်းသား ၅၉ ဦးအား တစ်ဧကလျှင် ငွေကျပ် ၂၈၈၀၀၀ နှုန်းဖြင့် စိုက်ဧက ၁၄၅ ဧကအတွက် စုစုပေါင်းငွေကျပ် ၄၁၇ ဒသမ ၆၀၀ သိန်းနှင့်ညီမျှသော မျိုးနှင့်သွင်းအားစုများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)