သာယာဝတီ ဇွန် ၁၇
ဥပဒေရေးရာဝန်ကြီးဌာန၏ ပြည်သူများအတွက် ကြိုးပမ်းဆောင်ရွက်မှု လုပ်ငန်းစဉ်များတွင် ပါဝင်သော ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်းအခမ်းအနားကို ဇွန် ၁၃ ရက်က သာယာဝတီခရိုင် ဥပဒေရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် သာယာဝတီခရိုင် ဥပဒေအရာရှိက ခရိုင်အတွင်းရှိ မြို့နယ်ဥပဒေအရာရှိများနှင့် ဒုတိယဥပဒေအရာရှိများအနေဖြင့် ဥပဒေကျင့်ဝတ်များကို ကောင်းစွာသိရှိလိုက်နာခြင်းဖြင့် ပြည်သူများ၏ ယုံကြည်အားကိုးမှု ပိုမိုရရှိစေရေးကို ဖော်ဆောင်ကြရန် မှာကြားသည်။
ထို့နောက် သာယာဝတီ၊ ပြည်နှင့် နတ်တလင်းခရိုင် ဥပဒေအရာရှိများက သာယာဝတီခရိုင်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် ခရိုင်နှင့်ဥပဒေရုံးများမှ ဥပဒေအရာရှိများအား ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေအရာရှိ ကျင့်ဝတ်ဆိုင်ရာများကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


