ရန်ကုန် ဇွန် ၁၈

 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF) တို့ ပူးပေါင်း၍ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အသင်းချုပ်တည်ရှိရာ ရန်ကုန်မြို့ သုဝဏ္ဏ၌ Hybrid System ဖြင့် ကျင်းပရာ ကော်မရှင်ဥက္ကဋ္ဌ ဦးသစ်လင်းအုန်းနှင့် ​ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာ ဘာသာရပ်တာဝန်ခံ ကော်မရှင်ရုံး ဝန်ထမ်းများ၊ အသင်းချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းနှင့် အသင်းသား အသင်းသူ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 

ဦးစွာ ကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး အသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ဆွေးနွေးဟောပြောပွဲဖြစ်မြောက် အောင်မြင်သည့်အတွက် ကျေးဇူးတင်စကား ပြောကြားသည်။

 

ထို့နောက် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာနုနုရီက လူ့အခွင့်အရေး အခြေခံသဘောသဘာဝ အကြောင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာတင်ဌေးအိက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အကြောင်းနှင့် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်အကြောင်း၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေး အကြောင်းတို့ကို ဟောပြော ဆွေးနွေးကြပြီး တက်ရောက်လာသူများက မေးမြန်းသည်များကို ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်