ကြံခင်း ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ဘက်ရဲမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ဒေသခံတောင်သူများအား ၂၀၂၆-၂၀၂၇ ခုနှစ် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုးစပါးဧကများအတွက် သွင်းအားစု ယူရီးယားမြေဩဇာ ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်က သွင်းအားစု မြေဩဇာများကို တောင်သူများ လယ်ယာကဏ္ဍ တွင် အဆင်ပြေစွာအသုံးပြုစေရန်နှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်က မိုးစပါးများ အချိန်မီစိုက်ပျိုးပြီးစီးရေး၊ ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ် စိုက်ပျိုးရေးတို့ကို ပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက ယူရီးယားမြေဩဇာအိတ်များကို ပေးအပ်ရာ တောင်သူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)


