ဆိုးလ်   ဇွန်   ၂၁

တောင်ကိုရီးယားနိုင်ငံသည် လက်နက်တင်ပို့မှု အလျင်မြန်ဆုံးမြင့် တက်လာသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်လာကြောင်း စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသနအင်စတီကျု(SIPRI)၏ အချက်အလက်အသစ်များအရ သိရသည်။

တောင်ကိုရီးယားနိုင်ငံ၏ထိပ်တန်းကာကွယ်ရေးကုမ္ပဏီများ၏ ဝင်ငွေမှာ  ၂၀၂၁  ခုနှစ်ကထက် လေးဆနီးပါး မြင့်တက်လာမည်ဟု SIPRI က  ခန့်မှန်းထားသည်။ တောင်ကိုရီးယားနိုင်ငံသည် ယခုအခါ နဝမမြောက်ကမ္ဘာ့အကြီးဆုံး လက်နက်တင်ပို့သည့်နိုင်ငံဖြစ်လာကြောင်း၊ Hanwha Group ၊ Hyundai Rotem ၊ LIG Nex1 နှင့် Korea Aerospace Industries စသည့် တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံးကာကွယ်ရေးကုမ္ပဏီ လေးခုပေါင်း  ဝင်ငွေမှာ  ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံခန့်အထိ ရောက်လာဖွယ်ရှိပြီး ယင်းမှာ ၂၀၂၁ ခုနှစ်က ပမာဏထက် လေးဆနီးပါး ပိုမို များပြားလာခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် တောင်ကိုရီးယားနိုင်ငံသည် ဥရောပရှိ နေတိုးအဖွဲ့ဝင်နိုင်ငံများထံသို့   လက်နက်တင်ပို့ရောင်းချမှုတွင် ဒုတိယမြောက်အကြီးဆုံးနိုင်ငံ ဖြစ်လာကြောင်းလည်း SIPRI ၏ အချက်အလက်အသစ်တွင် ဆက်လက်ဖော်ပြထားသည်။                           

Sputnik