ဗိုလ်တထောင် ဇွန် ၂၂

 

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ အသက် (၁၀)နှစ်ပြည့် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ထုတ်ပေးခြင်းကို ဇွန် ၂၀ ရက်က အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း အောင်ကျော်ခန်းမ၌ ကွင်းဆင်းဆောင်ရွက်ပေးသည်။

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူး ဦးအောင်ထွန်းမြင့် ဦးဆောင်သည့် ဝန်ထမ်းများက အသက်(၁၀)နှစ် ပြည့်ပြီးသည့် ကျောင်းသား ကျောင်းသူ ၈၉  ဦးအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ထုတ်ပေးခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မိုးကျော်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းနှင့် တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ခင်ဝင်း(ပြန်/ဆက်)