မော်လိုက် ဇွန် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် မော်လိုက်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား ရပ်ကွက်နှင့် ကျေးရွာပေါင်းစုံ အသက် (၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇွန် ၂၀ ရက်မှစ၍ စတင်ယှဉ်ပြိုင်လျက်ရှိရာ ယနေ့တွင် သရက်ကုန်း(၁)အသင်းမှ စွယ်တော်အသင်းကို အနိုင်ရရှိခဲ့ပြီး နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသား(၂၅) နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အုပ်စု(က)တွင် သရက်ကုန်း(၁)၊ ကျောင်းမြောက်၊ Three Tiger အသင်းတို့ကလည်းကောင်း၊ အုပ်စု(ခ)တွင် သရက်ကုန်း(၃)၊ စွယ်တော်၊ သစ်တောအသင်းတို့ကလည်းကောင်း၊ အုပ်စု(ဂ)တွင် အောင်ရတနာ၊ လျှပ်စစ်၊ အောင်မင်္ဂလာအသင်းတို့ကလည်းကောင်း၊ အုပ်စု(ဃ)တွင် ကျောင်းတောင်၊ သရက်ကုန်း(၂)၊ ပညာရေးအသင်းတို့ကလည်းကောင်း အမှတ်ပေးစနစ်ဖြင့် အကြိတ်အနယ် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ကိုထက်(ပြန်/ဆက်)


