နယူးဒေလီ      ဇွန်      ၂၃

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ် လက်ခနောင်မြို့ရှိ သုံးထပ်အဆောက်အအုံတစ်ခုတွင် ဇွန် ၂၂ ရက်က မီးလောင်မှုဖြစ်ပွားရာ အနည်းဆုံး ၁၅ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

မီးစတင်လောင်ကျွမ်းသည့်အချိန်တွင် အဆိုပါအဆောက်အအုံအတွင်း လူ ၄၀ ရှိနေသည်။  ဖြစ်စဉ်အတွင်း အဆောက်အအုံအပေါ်ထပ်ရှိ ရုပ်သံလွှင့်စတူဒီယိုအတွင်း ပညာသင်ကြားနေသူ ကျောင်းသားအများအပြား သေဆုံးဒဏ်ရာရရှိခဲ့သည်။ မြေညီထပ်တွင် တိရစ္ဆာန်အရောင်းဆိုင်ကို ဖွင့်လှစ်ထားရှိသည်။

အဆိုပါအဆောက်အအုံတွင် အရေးပေါ်ထွက်ပေါက်များမရှိကြောင်းနှင့် အန္တရာယ်ကင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုအားနည်းကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်အတွင်း သေဆုံးထိခိုက်ဒဏ်ရာရရှိသူများအတွက် ဝမ်းနည်းကြောင်းနှင့် ကျန်ရစ်သူများအား ငွေကြေးပေးအပ်မည်ဟု ဝန်ကြီးချုပ် မိုဒီက ပြောကြားခဲ့သည်။

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ