ရန်ကုန် ဇွန် ၂၃
အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ကျွမ်းဘားအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ကျွမ်းဘားပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇွန် ၂၁ ရက်က ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ် လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံ ကျွမ်းဘားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကောင်းဇော်က အမှာစကားပြောကြားပြီး လူငယ်လက်ရွေးစင်အားကစားသမားများက သရုပ်ပြကစားခဲ့ကြသည်။ ထို့နောက် အမျိုးသား အမျိုးသမီး သက်တမ်းအလိုက်ပြိုင်ပွဲများ ကျင်းပခဲ့ပြီး ပြိုင်ပွဲများအပြီးတွင် ဆုရရှိကြသူများအား မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကောင်းဇော်၊ တေးသံရှင် နီနီခင်ဇော်၊ မြန်မာနိုင်ငံ ကျွမ်းဘားအဖွဲ့ချုပ် အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အာကာ


