ကလော ဇွန် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကလောခရိုင် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ထွန်း၊ မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်မြတ်သူနှင့် ဝန်ထမ်းများက အသက် (၁၀) နှစ်ပြည့် ကျောင်းသား၂၃ ဦးနှင့် ကျောင်းသူ ၂၂ ဦး စုစုပေါင်း ၄၅ ဦး တို့အား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကို ကွင်းဆင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


