ပခုက္ကူ ဇွန် ၂၉
ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီဘော်လီဘောအားကစားပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကောလိပ်ရှိ မိုးလုံ လေလုံအားကစားရုံခန်းမ၌ ကျင်းပသည်။
ဦးစွာ ပခုက္ကူပညာရေးဒီဂရီကောလိပ် ကျောင်းကောင်စီဥက္ကဋ္ဌ ဒေါ်မြင့်မြင့်သန်းက အမှာစကားပြောကြားပြီး အဖွင့်ပွဲစဉ်အဖြစ် ဘုရင့်နောင်အသင်းနှင့် ကျန်စစ်သားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဘုရင့်နောင်အသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)


