လွိုင်လင် ဇွန် ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ရှိ ပိုလီတက္ကနစ်တက္ကသိုလ်(ပင်လုံ) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မိုးရာသီဘောလုံးပြိုင်ပွဲ (အမျိုးသား)ဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းက ခရိုင်အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ပိုလီတက္ကနစ်တက္ကသိုလ်(ပင်လုံ) ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြင့်က အမှာစကားပြောကြားသည်။ ထို့နောက် ကျောင်းသူများက တေးသရုပ်ဖော်သီချင်းဖြင့်ကပြဖျော်ဖြေပြီး ဘောလုံးပြိုင်ပွဲ ပထမပွဲစဉ်ကို ယှဉ်ပြိုင်ကစားကြသည်။
အဆိုပါ မိုးရာသီဘောလုံးပြိုင်ပွဲသို့ ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများ၊ ကျောင်းသား ကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြပြီး ဘောလုံးပြိုင်ပွဲတွင် မေဂျာအသီးသီးမှ အသင်းငါးသင်းပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
လွိုင်လင်မိုး


