ဇီးကုန်း    ဇွန်   ၂၉

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်၌  အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၄)နှစ်အောက် ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်း၌   ကျင်းပရာ   မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲများကို ဇွန် ၂၀ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့ရာ အခြေခံပညာကျောင်းများမှ အသင်းရှစ်သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ယနေ့တွင် တတိယနေရာအဖြစ် မြို့မအသင်းနှင့် လေးမျက်နှာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဗိုလ်လုပွဲကို ကံကြီးအသင်းနှင့် ရွာဝိုင်းကြီးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ ကံကြီးအသင်းက ၄ ဂိုး - ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသော အသင်းများကို ခရိုင်ပညာရေးမှူး(တာဝန်ပေး) ဦးဝင်းလှိုင်၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဌေးနှင့် တာဝန်ရှိသူများက ဆုဖလားနှင့် ဆုငွေများ၊ ဆုတံဆိပ်များကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)