ရန်ကုန် ဇွန် ၂၉
မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို တောင်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးဌာနက ဇွန် ၂၆ ရက်တွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။
ဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်မင်းက ဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများကို ရှင်းလင်းဟောပြောရာ ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပြီး မီးဘေးနှင့် သဘာဝဘေး အန္တရာယ်ကျရောက်ပါက အသုံးပြုသည့် ပစ္စည်းများနှင့် အသုံးပြုပုံ အဆင့်ဆင့်တို့အား လက်တွေ့သရုပ်ပြသင်ကြားခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)


