ဖျာပုံ ဇွန် ၂၉
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ပျားမွေးမြူရေး ပြည်သူပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဖျာပုံမြို့နယ် ငါးလုပ်ငန်းသင်တန်းကျောင်း၌ ပြုလုပ်သည်။
ဦးစွာ ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အမှာစကားပြောကြားပြီး ဖျာပုံခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာ ဆောင်းနှင်းဖြူဖြူက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းသို့ ဖျာပုံခရိုင်အတွင်းရှိ(ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး)မြို့နယ်များမှ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများ စုစုပေါင်း ၂၀ အား ပျားမွေးမြူရေးဌာနမှ တာဝန်ရှိသူများက နှစ်ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


