ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့(IOM) ရုံးအကြီးအကဲ Mr.Daihei Mochizuki ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော် ဇွန် ၃၀
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း သွားလာရေးအဖွဲ့ (International Organization for Migration-IOM) ရုံးအကြီးအကဲဖြစ်သူ Mr.Daihei Mochizuki ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန ယာယီရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဆွေးနွေး
တွေ့ဆုံစဉ် အလုပ်သမားဝန်ကြီးဌာနနှင့် International Organization for Migration (IOM) တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရွှေ့ပြောင်းအလုပ်သမားရေးရာဆိုင်ရာကိစ္စရပ်များ၊ IOM ဝန်ထမ်းများ အတွက် ပြည်ဝင်ဗီဇာရရှိရေးနှင့် ပြည်တွင်းခရီးသွားလာခွင့်အတွက် ဆောင်ရွက်ပေးမှုများ၊ ရွှေ့ပြောင်း လုပ်သားများထောက်ပံ့ကူညီရေးဗဟိုဌာန (Migrant Workers Resource Center-MRC) များ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်စေလိုသည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်ဆိုင်ရာအရာထမ်းများနှင့် IOM ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


