တောင်ကြီး ဇွန် ၃၀

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့နယ် သံသဲ ကျေးရွာအုပ်စု သံလွန်းကျေးရွာ၌ တောင်သူ ဦးရဲမော်၏ လယ်မြေ ငါးဧကတွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို တက်ရောက်ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများအား မျိုးစပါး၊ ဓာတ်မြေသြဇာတို့ကို ထောက်ပံ့ပေးအပ်သည်။

 

ကြည့်ရှုအားပေး

 

ထို့နောက် စက်မှုလယ်ယာဦးစီးဌာနမှ ကူဘိုတာ ကောက်စိုက်စက်၊ (၆တန်း) လက်ဆွဲကောက်စိုက် စက်၊ (၈)တန်းသွား လက်ဆွဲမျိုး စေ့ချကိရိယာတို့ဖြင့် မိုးစပါး စိုက်ပျိုးသရုပ်ပြသနေမှုနှင့် စိုက်ပျိုးပြီးစီးသွားသည့် စိုက်ခင်းကို ကြည့်ရှုအားပေးသည်။

 

ယင်းနောက် တောင်ကြီးမြို့ ပြည်နယ် အားကစားလေ့ကျင့်ရုံ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ပြည်နယ် ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲသို့ တက်ရောက် အမှာစကားပြော ကြားပြီး အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း ဘင်ခရာ တပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ကာ ပြိုင်ပွဲပထမရက်ပွဲစဉ် အဖြစ် လားရှိုးမြို့နယ်အသင်းနှင့် ကျောက်မဲမြို့နယ် အသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)