ရန်ကုန်    ဇူလိုင်   ၂

၂၀၂၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား လူသစ်တန်းနှင့် အသက်(၂၀)အောက် မြို့နယ်ပေါင်းစုံ ဂျူဒိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်  ပဒေသာအားကစားခန်းမ၌ ကျင်းပသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့က  ပြိုင်ပွဲများအလိုက်   ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကိုကျင်းပရာ ဂျူဒိုပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် တာဝန်ယူခဲ့သည့် ဒိုင်ကြီးကြပ်နှင့် ဒိုင်လူကြီးများ၊ (-၂၃)ကီလိုတန်း အမျိုးသမီး သက်ငယ်တန်းပြိုင်ပွဲနှင့် (-၅၀)ကီလိုတန်း အမျိုးသားသက်ငယ်တန်းပြိုင်ပွဲတို့တွင် ဆုရရှိကြသူများ၊ အမျိုးသမီး လူသစ်တန်းပြိုင်ပွဲနှင့် အမျိုးသား လူသစ်တန်းပြိုင်ပွဲတို့တွင် အကောင်းဆုံးဆုရရှိသူများ၊ အမျိုးသမီး သက်ငယ်တန်းပြိုင်ပွဲနှင့် အမျိုးသား သက်ငယ်တန်းပြိုင်ပွဲတွင် အကောင်းဆုံးဆုရရှိသူများ၊ လူသစ်တန်း ပြိုင်ပွဲနှင့် သက်ငယ်တန်းပြိုင်ပွဲတို့တွင် တံခွန်စိုက်ဆုဖလားရရှိသည့် အသင်းများအား တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် တံခွန်စိုက်ဆုဖလားများ ပေးအပ်ကြသည်။

အဆိုပါပြိုင်ပွဲကို ဇွန် ၂၉ ရက်မှ ဇူလိုင် ၂ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)