ပြင်ဦးလွင် ဇူလိုင် ၂
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် ပြင်ဦးလွင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရွှေမိုးသူဇာနှင့် ခရိုင်/ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်တို့က ဦးဆောင်၍ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၏ လှူဒါန်းပွဲကို ဇွန် ၃၀ ရက်က ဇယန်းသီလရှင်စာသင်တိုက်၌ ကျင်းပသည်။
ဦးစွာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ဇယန်းသီလရှင်စာသင်တိုက်ရှိ KG မှ Grade-5 အထိ ကိုရင်/ သီလရှင်၊ ကျောင်းသား ကျောင်းသူ ၂၄၀ အတွက် ဗလာစာအုပ် ဒါဇင် ၂၄၀၊ သီလရှင်စာသင်တိုက်အတွက် ဆန်အိတ်ကြီး ရှစ်အိတ်နှင့် ငွေကျပ် ၂၀၀၀၀ဝ အား ဇယန်းသီလရှင်စာသင်တိုက်ရှိ တာဝန်ခံဆရာကြီးထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)


