နမ့်စန်(တ) ဇူလိုင် ၂

 

ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့ နမ့်စန်ကျေးရွာအုပ်စုတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက် လျက်ရှိသည့် ဝမ်ကျောင်း - လွိုင်ကုန်လမ်း ကတ္တရာခင်းခြင်း လုပ်ငန်းကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ပြည်နယ်ဝန်ကြီး ဦးလင်း အောင်ဆွေသည် ခရိုင်စီမံခန့်ခွဲ ရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ် (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဝမ်ကျောင်း-လွိုင်ကုန်လမ်း ၀ ဒသမ ၂ မိုင် ကတ္တရာခင်းခြင်းလုပ်ငန်းကို ကွင်းဆင်းစစ်ဆေးရာ လွိုင်လင်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ)ဦးဇော် သက်နိုင်က လုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

အဆိုပါ လုပ်ငန်းဆောင်ရွက် ပြီးစီးပါက ကျေးရွာသုံးရွာ၊ အိမ်ခြေ ၄၃၈ အိမ်နှင့် လူဦးရေ ၂၂၅၄ ဦးအတွက် အကျိုးပြုမည် ဖြစ်ကြောင်း သိရသည်။

 

သူရအောင်(နမ့်စန်)