ရန်ကုန် ၂၇   မတ် 


စီးပွားရေးမြို့တော် ရန်ကုန်မြို့၏ မြစ်တစ်ဘက်တွင် တည်ရှိသော ဒလမြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျလျက်ရှိသော်လည်း နိုင်ငံခြားသား ခရီးသွားဧည့်သည်များ စိတ်ဝင်တစား လာရောက်လည်ပတ်လျက်ရှိသည့် ဒေသတစ်ခုဖြစ်ကြောင်းသိရသည်။ 

 

1


ခရီးသွားဧည်သည်များ စိတ်ချမ်းမြေ့စွာ လည်ပတ်နိုင်ရေးအတွက် မြို့နယ်အနှေးယာဉ် လုပ်သားများမှ မြို့နယ်အတွင်းရှိ သမိုင်းဝင် ဘုရားစေတီများ၊ ဈေးများ၊ လူနေထိုင်မှုဘဝပုံစံများကို ဆိုက်ကားများဖြင့် လိုက်ပါပို့ဆောင်၍ ဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရသည်။

 

1


ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်ပန်းဆိုးတန်းဆိပ်ကမ်းမှတစ်ဆင့် ဒလဆိပ်ကမ်းဘက်သို့ ချယ်ရီသင်္ဘောဖြင့် လိုက်ပါလာသည့် အင်္ဂလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဂျာမနီနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ခရီးသွားဧည့်သည် စုစုပေါင်း ၄၅ ဦးတို့သည် ဒလမြို့တွင်းရှိ အနှေးယာဉ် ဆိုက်ကားများစီး၍ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေစာရံစေတီတော်မြတ်ကြီး နှင့် ရဟန္တာ ဦးပညာစံကျောင်း၊ ဦးအောင်ဇေယျဈေးတို့အား သွားရောက်လည်ပတ် လေ့လာခဲ့ကြသည်။ 


နိုင်ငံခြားသား ခရီးသွားဧည်သည့်များသည် ရန်ကုန်မြစ်တစ်ဘက်ကမ်းတွင် တည်ရှိသော ဒလမြို့နယ်ရှိ သမိုင်းဝင် ဘုရားစေတီများ၊ ဒေသခံပြည်သူများ၏ လူနေမှုဘဝပုံစံများ၊ မြို့နယ်ဈေးများ၊ တစ်နိုင်တစ်ပိုင် လုပ်ငန်းများ၊ ဖယောင်းတိုင်လုပ်ငန်း၊ ကော်ပြန့်လုပ်ငန်း၊ Recycle စွန့်ပစ်ပစ္စည်းများနှင့် ပြုလုပ်သည့် လက်မှုပစ္စည်း ပြခန်းအရောင်းဆိုင်၊ ငါးဖမ်း အသက်မွေးဝမ်းကြောင်း လုပ်ကိုင်နေထိုင်ကြသည့် တံငါးတဲများ၊ လယ်ယာမြေ ရှုခင်းအလှများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့အား အများဆုံးသွားရောက် လေ့လာလျက်ရှိကြောင်း သိရသည်။


နိုင်လင်းကျော်(ဒလ)