ဘာလင် ဇူလိုင် ၂
ဂျာမနီနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ် မက်ကလင်ဘာ့ဂျ်-ဘော်ပွန်မန်း၏ မြို့တော် လော့ဝှစ်ဆလပ်ရှိ ဆေးရုံတစ်ရုံ၏ ခေါင်မိုးတွင် မီးလောင်မှုဖြစ်ပွားရာ ၃၄ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဂျာမနီမီဒီယာများတွင် ဖော်ပြထားသည်။
အဆိုပါ ဆေးရုံအဆောက်အအုံအတွင်းမှ လူနာများနှင့် ဆေးရုံဝန်ထမ်းများအား ကယ်တင်နိုင်ခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။ ဒဏ်ရာရရှိသူများ၏ ဒဏ်ရာအခြေအနေအသေးစိတ်ကို ပြောပြနိုင်ခြင်းမရှိသေးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ဆင်ဟွာ


