နေပြည်တော် ဇူလိုင် ၄

အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် ဝန်ကြီး ဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ စတုတ္ထနေ့ကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ဆက်လက်ကျင်းပလျက်ရှိပြီး ယနေ့ ၆ ပေါက်တန်း (အမျိုးသား) ပြိုင်ပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစားနေမှုကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံး အဖွဲ့ချုပ် နာယက ဦးစိုးတင့်၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် အားကစားဝါသနာရှင် ပရိသတ်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ယနေ့ ၆ ပေါက်တန်း (အမျိုး သား)ပြိုင်ပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအသင်းက ရမှတ် ၅၃၀ ၊ ကာကွယ်ရေးဝန်ကြီး ဌာန အသင်းက ရမှတ် ၁၂၆၈ မှတ်၊ ပို့ဆောင်ရေးဝန်ကြီးဌာန အသင်းက ရမှတ် ၇၆၀ ၊ ပြည်ထဲရေးဝန်ကြီး ဌာနအသင်းက ရမှတ် ၁၀၇၉ မှတ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်းက ရမှတ် ၉၃၁ မှတ်၊ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက ရမှတ် ၁၁၆၀ နှင့် ပညာရေး ဝန်ကြီးဌာနအသင်းက ရမှတ် ၈၄၅ မှတ် ရရှိကြသည်။

ဝန်ကြီးဌာနများအလိုက် ယှဉ်ပြိုင်မှုများအပြီးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အသင်းက ပထမနေ့တွင် ရမှတ် ၁၄၀၈ မှတ်နှင့် ဒုတိယနေ့တွင် ရမှတ် ၁၃၉၆ မှတ် စုစုပေါင်းရမှတ် ၂၈၀၄ မှတ်ဖြင့် ပထမ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အသင်းက ပထမနေ့တွင် ရမှတ် ၁၂၈၉ မှတ်နှင့် ဒုတိယနေ့တွင် ရမှတ် ၁၃၄၈ မှတ် စုစုပေါင်းရမှတ် ၂၆၃၇ မှတ်ဖြင့် ဒုတိယ၊ ကာကွယ်ရေး ဝန်ကြီးဌာနအသင်းက ပထမနေ့တွင် ရမှတ် ၁၂၁၅ မှတ်နှင့် ဒုတိယနေ့တွင် ရမှတ် ၁၂၆၈ မှတ် စုစုပေါင်းရမှတ် ၂၄၈၃ မှတ်ဖြင့် ပူးတွဲတတိယ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာနအသင်းက ပထမနေ့တွင် ရမှတ် ၁၀၈၆ မှတ်နှင့် ဒုတိယနေ့တွင် ရမှတ် ၁၁၆၀ စုစုပေါင်းရမှတ် ၂၂၄၆ မှတ်ဖြင့် ပူးတွဲတတိယ ရရှိကြသည်။

ထို့အတူ ၄ ပေါက်တန်း (အမျိုးသမီး)ပြိုင်ပွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းက ပထမနေ့တွင် ရမှတ် ၆၇၁ မှတ်နှင့် ဒုတိယနေ့တွင် ရမှတ် ၆၅၅ မှတ် စုစုပေါင်းရမှတ် ၁၃၂၆ မှတ်ဖြင့် ပထမ၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းက ပထမနေ့တွင် ရမှတ် ၆၀၉ မှတ်နှင့် ဒုတိယနေ့တွင် ရမှတ် ၆၅၆ မှတ် စုစုပေါင်းရမှတ် ၁၂၆၅ မှတ်ဖြင့် ဒုတိယ၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနအသင်းက ပထမနေ့တွင် ရမှတ် ၆၀၈ မှတ်နှင့် ဒုတိယနေ့ တွင် ရမှတ် ၅၈၅ မှတ် စုစုပေါင်း ရမှတ် ၁၁၉၃ မှတ်ဖြင့် ပူးတွဲ တတိယ၊ အားကစားရေးရာ ဝန်ကြီးဌာနအသင်းက ပထမနေ့ တွင် ရမှတ် ၄၃၁ မှတ်နှင့် ဒုတိယနေ့တွင် ရမှတ် ၄၂၂ မှတ် စုစုပေါင်းရမှတ် ၈၅၃ မှတ်ဖြင့် ပူးတွဲတတိယ ရရှိခဲ့သည်။

ဇူလိုင် ၆ ရက်တွင် ၆ ပေါက် တန်း(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနအသင်းနှင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်း၊ ၄ ပေါက်တန်း (အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနအသင်းတို့ ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

ထို့အတူ ဇူလိုင် ၅ ရက်တွင် ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်း လုံးပြိုင်ပွဲ Linking(Event-3) (အမျိုးသမီး) ပြိုင်ပွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာနအသင်း၊ ပညာရေး ဝန်ကြီးဌာနအသင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အသင်း၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနအသင်း၊ အားကစားရေးရာ ဝန်ကြီးဌာန အသင်း၊ Linking (Event-3) (အမျိုးသား) ပြိုင်ပွဲ တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနအသင်း၊ ပို့ဆောင်ရေးဝန်ကြီး ဌာနအသင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနအသင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအသင်း၊ ပညာရေးဝန်ကြီးဌာနအသင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အသင်း၊ အားကစားရေးရာဝန်ကြီးဌာနအသင်းနှင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။

 

ဇူလိုင် ၁ ရက်မှ ၆ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (A)၌ ကျင်းပလျက်ရှိ သည့် ဝန်ကြီးဌာနပေါင်းစုံ ရိုးရာ ခြင်းလုံးပြိုင်ပွဲများကို မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်