ရမည်းသင်း ဇူလိုင် ၅

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦး၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်ဝင်း၊ မြို့နယ်သမဝါယမ ဦးစီးဌာနမှ တာဝန်ရှိသူများသည် ယနေ့နံနက် ၈ နာရီတွင် သင်ပန်းကုန်းကျေးရွာ အောင်သစ္စာ -၁ လယ်ယာနှင့် အထွေထွေ သမဝါယမအသင်းရှိ အသင်းသား ဦးကျော်မင်းထွန်း စိုက်ပျိုးထားသော မိုးကြိုဝါ ၁၀ ဧကတွင် ခူးဆွတ်နေမှုများကို ကွင်းဆင်း ကြည့်ရှုအားပေးသည်။

 

ထို့နောက် တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးသည် ဝါစိုက် တောင်သူများ၏ ခူးဆွတ်ပြီးဝါများ အလေအလွင့်နည်းပါး၍ ဈေးကောင်းရရှိရေးအတွက် ဝါကြိတ်စက်များနှင့် ချိတ်ဆက်ပေးခြင်း တို့ကို ဆောင်ရွက်ပေးသည်။

 

ရမည်းသင်းမြို့နယ်အတွင်း အခြေခံ သမဝါယမအသင်း လေးသင်း၏ အသင်းသား ၁၉၂ ဦးမှ မိုးကြိုဝါစိုက်ပျိုးဧက ၅၇၀ စိုက်ပျိုးထားကြောင်း သိရသည်။

 

ကိုဇော်(ရမည်းသင်း)