ကမ္ဘာ့ဖလားပူးတွဲအိမ်ရှင် ကနေဒါအသင်းဟာ ၁၆ သင်းအဆင့် ပွဲစဉ်အဖြစ် ဇူလိုင် ၄ ရက် ညပိုင်းက မော်ရိုကိုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးပြတ်ရှုံးနိမ့်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရပြီဖြစ်ပါတယ်။

ကနေဒါအသင်းဟာ မော်ရိုကိုအသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး   မော်ရိုကိုအသင်းအတွက် သွင်းဂိုးတွေကို အူနာဟီက နှစ်ဂိုး၊ ရာဟီမီက တစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ကနေဒါအသင်းဟာ ကမ္ဘာ့ဖလားပူးတွဲ အိမ်ရှင်သုံးနိုင်ငံထဲမှ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပထမဆုံးထွက်ခဲ့ရတဲ့အသင်းလည်း ဖြစ်ပါတယ်။

မော်ရိုကိုအသင်းကတော့  ကနေဒါအသင်းကို  အနိုင်ရပြီး ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
ပြင်သစ်အသင်းကတော့ ၁၆ သင်းအဆင့်မှာ ပါရာဂွေးအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပြီး ပြင်သစ်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို တိုက်စစ်မှူး အမ်ဘတ်ပီက ဒုတိယပိုင်းပွဲ ကစားချိန် မိနစ် ၇၀ မှာ ပင်နယ်တီကနေတစ်ဆင့်  သွင်းယူပေးခဲ့တာဖြစ်ပါတယ်။


ပြင်သစ်အသင်းနဲ့အတူ သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့ အမ်ဘတ်ပီဟာ  ကမ္ဘာ့ဖလား သွင်းဂိုးခုနစ်ဂိုးအထိ   ရှိသွားခဲ့ပြီဖြစ်ပြီး အာဂျင်တီးနားအသင်းတိုက်စစ်မှူး မက်ဆီနဲ့ သွင်းဂိုးတူညီသွားခဲ့ပြီဖြစ်တာကြောင့် ကမ္ဘာ့ဖလားရွှေဖိနပ်ဆုအတွက် အမ်ဘတ်ပီနဲ့ မက်ဆီတို့ အပြိုင်လုရမယ့်အခြေအနေမှာရှိနေခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်