ဇူလိုင် ၆
သီရိလင်္ကာနိုင်ငံ အနောက်ဘက် နီဂွမ်ဘိုမြို့ရှိ အကျဉ်းထောင်တစ်ခုတွင် ပဋိပက္ခ ဖြစ်ပွားမှုကြောင့် စုစုပေါင်း ၁၉ ဦး သေဆုံးပြီး ၅၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဒဏ်ရာရရှိသူများကို နီဂွမ်ဘိုဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် အာဏာပိုင်များသည် ဒဏ်ရာရရှိသူများကို ကိုလံဘိုရှိ အမျိုးသားဆေးရုံသို့ လွှဲပြောင်းရန် လုပ်ဆောင်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကျဉ်းသားအုပ်စုနှစ်စု အချင်းချင်း ပဋိပက္ခဖြစ်ပွားရာမှ စတင်ကာ ညပိုင်းတွင် အခြေအနေကို ထိန်းချုပ်နိုင်ခဲ့သော်လည်း ယနေ့နံနက်တွင် အကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားခဲ့ပြန်သည်။
သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများထဲတွင် အကျဉ်းထောင်အရာရှိများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


