ကျုံပျော် ဇူလိုင် ၆
ကျုံပျော်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အသက်(၂၂)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
ဗိုလ်လုပွဲတွင် အင်းရဲ(၁)အသင်းနှင့် အထောင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဒုတိယပိုင်းပွဲပြီးချိန်အထိ တစ်ဂိုးစီသရေရရှိသဖြင့် ပင်နယ်တီဖြင့် အဆုံးအဖြတ်ကစားခဲ့ကြရာ အင်းရဲ(၁) အသင်းက ငါးဂိုး - သုံးဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ထို့နောက် ဆုရရှိသည့် အသင်းများနှင့် အားကစားသမားများအား ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
နေဝင်းမြင့်(ပြန်/ဆက်)


