သာပေါင်း ဇူလိုင် ၆

 

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ဇီးဖြူကွင်းကျေးရွာအုပ်စုတွင် Strategy Win Trading Co.,Ltd မှ ၂၀၂၆-၂၀၂၇ ခုနှစ် Rice Export Zone စီမံကိန်းဖြင့်ဆောင်ရွက်မည့် ဧက ၅၀၀၀ အတွက် ပထမအကြိမ် ဧက ၁၂၀၀ စာ တစ်ဧကတစ်သိန်းနှုန်းဖြင့် စိုက်ပျိုးစရိတ် ငွေပေးအပ်ပွဲကို ဇူလိုင် ၁ ရက်က သာသနာ့ဇောတိကကျောင်းတိုက်ရှိ ဓမ္မာရုံ၌ ကျင်းပသည်။ 

 

အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုဇင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်တို့က အမှာစကားပြောကြားကြပြီး စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးဦးမျိုးမြင့်လွင်က Rice Export Zone ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ(SOP)အား ရှင်းလင်းပြောကြားကာ လုပ်ငန်းဆောင်ရွက်မည့် ဇီးဖြူကွင်း ကျေးရွာအုပ်စု၊ ကွင်းကောက် ကျေးရွာအုပ်စု၊ ရွှေဇံအိုး ကျေးရွာအုပ်စုတို့ရှိ တောင်သူများ လက်ဝယ်သို့ စိုက်ပျိုးစရိတ်ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သာပေါင်း(ပြန်/ဆက်)